International News

ဟောင်ကောင်‌ဒေသ၏ စီးပွား‌ရေးလုပ်ငန်းမှာ ဆယ်နှစ်အတွင်း ကျဆင်းလျက်ရှိခြင်း

Last Updated:

COVID-19 ကိုကျော်လွန်နိုင်အောင် ငွေသားများ ထိန်းသိမ်းထားရန် ရင်းနှီးမြှုပ်နှံသူများအား တိုက်တွန်းပြောကြားထားမှုကြောင့် ဟောင်ကောင်ဒေသနှင့် စင်ကာပူနိုင်ငံ တို့တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများလျော့ကျပြီး အာရှ-ပစိဖိတ်ဒေသတစ်လျှောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးသော လျော့ကျမှုဖြစ်ကြောင်း၊ ယခုနှစ် ပထမလေးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၁.၃) ဘီလီယံ၊ ရာခိုင်နှုန်း အားဖြင့် (၅၀) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ အသွားအလာကန့်သတ်မှုများ ဆောင်ရွက်မှုကြောင့် အာရှဈေးကွက်ရှိ ရင်းနှီးမြှုပ်နှံသူများအကြား သက်ရောက်မှုများဖြစ်စေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းရန် ခြောက်လှန့် လျက်ရှိကြောင်း၊ မကြာသေးခင်က ရင်းနှီးမြှုပ်နှံသူများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ယခုအခါ ရင်းနှီးမြှုပ်နှံသူ အများစုမှာ လုပ်ငန်းများ ရပ်တန့်ထားလျက်ရှိကြောင်း၊ ယခုနှစ် ဒုတိယလေးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းနေမည်ဖြစ်ပြီး ကုန်သွယ်ရေး လုပ်ငန်းများပြန်လည်ဦးမော့လာနိုင် ကြောင်း အာရှ-ပစိဖိတ်ဒေသတွင် ပထမလေးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၂၉.၅) ဘီလီယံကျဆင်းခဲ့ ကြောင်း၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း JLL ၏ အိမ်ခြံမြေရောင်းဝယ်မှု စာရင်းများအရ ဟောင်ကောင်ဒေသ၌ အဆိုးရွားဆုံးဖြစ်ပြီး (၇၄) ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ စင်ကာပူနိုင်ငံတွင် (၆၈) ရာခိုင်နှုန်းနှင့် တရုတ်ပြည်မကြီးတွင် (၆၁) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ အိမ်ခြံမြေလုပ်ငန်း နှေးကွေးနေခြင်း မှာ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့်လည်းဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသတွင် ပထမလေးလပတ်အတွင်း လက်လီ အရောင်းဆိုင်ခန်းများ ငှားရမ်းမှု (၃၉) ရာခိုင်နှုန်း၊ ရုံးခန်းများငှားရမ်းမှု (၃၅) ရာခိုင်နှုန်းနှင့် ဟိုတယ်ငှားရမ်းမှု (၂၂) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ COVID-19 ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် အပြည့်အဝသက်ရောက်မှုမှ ဒုတိယလေးလပတ်တွင် လျော့နည်းသွားမည် ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌  Cheryl Arcibal က “HK drags regional commercial deals to 10-year low” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News